See conversation ဇွတ်ဖော်နည်း နည်းလမ်း(၃)


See conversation ‌ဖော်နည်း တွေကို အရင်က ကို သန့်သက်နဲ့ ကိုသစ်ပင်တို့ တင်ပေးခဲ့ဖူးပါတယ်။ ယူနီကုဒ် အသုံးပြုသူတွေ အမေးအများဆုံး မေးခွန်းတစ်ခုလဲ ဖြစ်ပါတယ်။
နောက်ထပ်နည်းလေးတစ်နည်းနဲ့လည်း မိတ်ဆက်ပေးချင်ပါသေးတယ်။
ဒီနည်းက ကိုသစ်ပင် ရဲ့ နည်းလမ်းကိုပဲ PC မလို ၊ ဖုန်းနဲ့ပဲ လုပ်လို့ရအောင် စမ်းထားတာပါ။ 
(အောက်မှာပါတဲ့ ပုံလေးတွေကို တစ်ပုံချင်းဆီ ကြည့်ပေးပါ။တစ်ပုံချင်းစီ အောက်မှာ စာရေးထားပါတယ်
သေချာလေးဖတ်ပေးပါ )
ပထမဆုံး အောက်က app လေးကို ဒေါင်းပါ။

ဒေါင်းပီးရင် ဖွင့်လိုက်ပါ(internet လေးတော့ ဖွင့်ထားပေးပါ)

(1)    ဖွင့်ပီးရင် အနီနဲ့ ဝိုင်းထားတဲ့ နေရာလေးကို တစ်ချက်နှိပ်ပါ။
ကို ဆက် ကြီး ၏ ဓာတ်ပုံ




(2)     ပီးရင် ပေါ်လာတဲ့ အကွက်လေးထဲမှာtouch.facebook.com ကိုသွားပါ။
ကို ဆက် ကြီး ၏ ဓာတ်ပုံ




(3)      ပီးရင် facebook acc ဝင်လိုက်ပေါ့ဗျာ
ကို ဆက် ကြီး ၏ ဓာတ်ပုံ



(4)           Fb acc ဝင်ပီးရင် fb menu > Account Settings > Language ထိ ဝင်လိုက်ပါ။ အဲ့မှာ translate language က English ဖြစ်နေပါတယ် ။
အဲ့ အနီဝိုင်း ပြထားတဲ့ နေရာကို ဆက်ဝင်လိုက်ပါ။
ကို ဆက် ကြီး ၏ ဓာတ်ပုံ




(5)     ပီးရင် ညာဘက် အပေါ်ထောင့် က အစက်လေးသုံးစက်ကို နှိပ်ပါ။ 
ကို ဆက် ကြီး ၏ ဓာတ်ပုံ




(6)       Touch Inspector ကို ရွေးပါ။(Inspector ကိုဖွင့်လိုက်ပါပီ)
ကို ဆက် ကြီး ၏ ဓာတ်ပုံ




(7)            အနီနဲ့ဝိုင်းထားတဲ့ PARENT ကိုနှိပ်ပါ။
ကို ဆက် ကြီး ၏ ဓာတ်ပုံ





(8)           အနီနဲ့ ဝိုင်းထားတဲ့ English နဲ့ en_XX ဆိုတဲ့ နေရာမှာ Burmese နဲ့ my_MM လို့ပြင်ရေးပါမယ်။ 
#စာလုံးပေါင်းမမှားရပါ
#Englishနေရာတွင်Burmeseနှင့်en_XX‌ဆိုသည့်နေရာတွင်my_MMလို့သာပြင်မည်ဖြစ်ပြီးတစ်ခြားမည်သည်ကိုမျှမပြင်ရ

ကို ဆက် ကြီး ၏ ဓာတ်ပုံ





(9)      ပြင်ပီးရင် save ကိုနှိပ်ပါ။
ကို ဆက် ကြီး ၏ ဓာတ်ပုံ




(10)        နောက်တစ်ခါ စောနကအ‌ပေါ်ကအဆင့်လို ထပ်ကျလာပါမယ်။
အပေါ်ကလိုပဲ PARENT > ပြင် > Save လုပ်ပါ။
#နှစ်ခါပြင်ရပါမယ်
#နှစ်ခါလုံးပြင်ရတာကပုံစံတူပါပဲ
ကို ဆက် ကြီး ၏ ဓာတ်ပုံ




(11)      Save လည်းပီးရော စောနက English ဆိုတဲ့နေရာမှာ Burmese ဖြစ်သွားပါပီ။ ဝမ်းသာအားရနဲ့ save ကို မနှိပ်ပါနဲ့ဦး ။ Inspector ဝင်ထားတာမို့ နှိပ်သမျှ code တွေ ထွက်နေမှာမို့ပါ။
ကို ဆက် ကြီး ၏ ဓာတ်ပုံ




(12)      စောနကလို Touch Inspector ကိုတစ်ချက်နှိပ်လိုက်ပါ။
Inspector ကိုပြန်ပိတ်လိုက်ပါပီ။
ပီးမှ save ကို နှိပ်ပါ။
ကို ဆက် ကြီး ၏ ဓာတ်ပုံ




(13)      ကဲ ဒါဆိုပီးပါပီ ဗျာ။
ကို ဆက် ကြီး ၏ ဓာတ်ပုံ



အဆင့်တွေ အများကြီးပဲ ဆိုပီးတွေးကြောက်မနေပါနဲ့ ကျွန်တော်က တစ်ဆင့်ချင်း လုပ်ပြနေလို့ပါ။ တစ်ကယ်လုပ်ရင် နှစ်မိနစ်တောင် မကြာပါ။

နမူနာ အနေနဲ့ ဒီ video file လေးကြည့်ကြည့်ပါ။

https://youtu.be/ZLmhM-fpFEc

ကဲ နားမလည်သေးဘူး ၊ မရသေးဘူး ဆိုတဲ့သူတွေ Myanmar Unicode Area Facebook Group မှာ မေးနိုင်ပါတယ်ခင်ဗျား ။😁😁😁


မူရင်းပိုစ့်     From Myanmar Unicode Area


ဒီနည်းလမ်းက အဆင်မပြေဘူး တစ်ခြားနည်းလမ်းလေးတွေရောမရှိဘူးလားဆိုရင်    နည်းလမ်း(၁)  နဲ့  နည်းလမ်း(၂)  ရှိပါသေးတယ်  ။  အောက်က လင့်မှာ ကြည့်ပါ။

see conversation ဇွတ်ဖော်နည်း နည်းလမ်း(၁) နှင့် နည်းလမ်း (၂)

Comments