MIUI Rom ဘယ်နှမျိုးရှိသလဲ ၊ဘာတွေကွာခြားလဲ၊ ဘယ်ဟာပိုကောင်းလဲ


ပထမဆုံး MIUI ဆိုတာလေးကနေ စကြရအောင်။ MIUI ဆိုတာဘာလဲ???
            MIUI ဆိုတာကို အသံထွက် အနေနဲ့ မီယူအိုင်(Me You I)  လို့ အများက ခေါ်လေ့ရှိပါတယ်။ဖုန်းရဲ့နာမည်ဖြစ်တဲ့ MI ဆိုတာနဲ့ UI (User Interface) တို့ကို ပေါင်းထားတာလို့ အကြမ်းဖျင်းပြောပါရစေ။Xioami Company ကထုတ်လုပ်ထားပီး Android ကိုအခြေခံထားတဲ့ Android OS(Operating System) တစ်ခုလည်းဖြစ်ပါတယ်။MIUI Rom ဟာ Xiaomi phone တွေအတွက်တင်မကဘဲ အခြားသော ဖုန်းအမျိုးအစားတွေဖြစ်တဲ့ Samsung , HTC, Nexus , One Plus ဖုန်းအမျိုးအစား အချို့အတွက်ပါရရှိနိုင်ပါတယ်။ အခြားဘယ်ဖုန်းတွေ MIUI Custom Rom သုံးလို့ရသလဲဆိုတာ အောက်ကလင့်ကနေကြည့်နိုင်ပါတယ်။


            တရုတ်အစိုးရနဲ့ Google Play Service တွေကို နိုင်ငံအတွင်းထဲမှာ အသုံးမပြုရ POLICY ကြောင့် Xiaomi ရဲ့ MIUI Rom တွေဟာလည်း Google play service ထည့်မရတော့ဘူး။ တရုတ်နိုင်ငံအတွင်းမှာပဲ MIUI ကိုအသုံးပြုကြတာဆိုရင် ကိစ္စမရှိပေမယ့် နိုင်ငံတကာကို တင်ပို့ရောင်းချနေတဲ့ ဖုန်းတွေအတွက်ကျ Google Play Service တွေ ပါမှအဆင်ပြေမှာပါ။ ဒီတော့ Xiaomi က သူ့ရဲ့ MIUI Rom ကို  China MIUI Rom နဲ့ Global MIUI Rom ဆိုပီး version နှစ်မျိုးထုတ်လိုက်တယ်။ ဒီတော့ MIUI Rom မှာ အဓိက အနေနဲ့ 
1. China MIUI Rom
2. Global MIUI Rom 
ဆိုပီးရှိတယ်လို့ မှတ်ယူနိုင်ပါတယ်။

China နဲ့ Global ဘာကွာလဲ ?

          China Rom တွေနဲ့ Global Rom တွေ ဘာကွာလဲဆိုတာကို အကြမ်းအားဖြင့် အောက်ကပုံလေးကို ကြည်နိုင်ပါတယ်။

           MIUI ဟာ ပိုမိုကောင်းမွန်လာစေဖို့အတွက် အသုံးပြုသူတွေကို Beta Version နဲ့ Stable Version ဆိုပီး ထပ်မံခွဲထုတ်ထားပါသေးတယ်။ ဆိုလိုတာက အပေါ်မှာပြောခဲ့တဲ့ China MIUI Rom ကိုရော Global MIUI Rom ကိုရော နှစ်ခုလုံးကို Beta နဲ့ Stable ဆိုပီး ခွဲခြားလိုက်ပါတယ်။ ဒီတော့ MIUI Rom တွေဟာ အောက်ပါအတိုင်း ဖြစ်သွားပါတယ်။
1. China Stable MIUI Rom
2. China Beta MIUI Rom
3. Global Stable MIUI Rom
4. Global Beta MIUI Rom 
 ဆိုပီး လေးမျိုးဖြစ်သွားပါတယ်။ ဒီနေရာမှာ China Alpha Rom ဆိုတာလည်းရှိပါသေးတယ်။ ဒါပေမယ့် ဒါဟာ tester သမားတွေအတွက် သီးသန့်ဖြစ်ပီး Plublic ထုတ်မပေးတဲ့ အတွက် သူ့အကြောင့်ကို ချန်ခဲ့မှာဖြစ်ပါတယ်။
          ဒီလောက်ဆို MIUI Rom ဘယ်နှမျိုးရှိသလဲ သိပီလို့ထင်ပါတယ်။ နောက်ပီး မိမိအသုံးပြုတဲ့ MIUI Rom ဟာဘာလဲဆိုတာလည်း သိအောင်လုပ်ထားသင့်ပါတယ် ။ Setting > about Phone ထဲက MIUI Version ဆိုတဲ့နေရာမှာကြည့်နိုင်ပါတယ်။ MIUI 9 တွေမှာကတော့ Setting > My Device > All Specs မှာ MIUI version ဆိုတဲ့နေရာမှာ ကြည့်နိုင်ပါတယ်။ 
           အချို့သူတွေဟာ MIUI Rom တွေအကြောင်းမေးတဲ့အခါ မဆီမဆိုင်တွေမေးတာလည်းတွေ့ဖူးမှာပါ။
ဥပမာ- Stable နဲ့ Global ဘာကွာတုန်း?  China Rom နဲ့ Beta Rom ဘယ်ဟာက ပိုကောင်းတုန်း တို့ အစရှိသဖြင့်ပေါ့လေ မဆီမဆိုင်တွေမေးကြပါတယ် ။ ပြည့်စုံမှုမရှိတဲ့ မေးခွန်း မဆီမဆိုင်မေးခွန်းမျိုးလို့သတ်မှတ်လို့ ရပါတယ်။

-------------------------------------------------------------------------------------------------------------------------

Stable Rom နဲ့ Beta/Dev Rom နဲ့ရော ဘာကွာလဲ?

Stable Rom
           Stable Rom ဆိုတာက Xiaomi က Mi phone တွေအတွက် တရားဝင်ထုတ်ပေးထားတဲ့ MIUI Rom ပါပဲ။Stable Rom ဆိုတော့ မြန်မာလို တည်ငြိမ်ရွမ် ပေါ့ဗျာ။ error တွေ bug တွေ မရှိလောက်ဘူး၊ စမ်းသပ်နေတာတွေမပါ၊ အကုန်လုံးဟာ လုံးဝကောင်းမွန်ပီလို့ ယူဆတဲ့ အချိန်မှာ Stable Rom ထွက်ပေးပါတယ်။ ပုံမှန်အားဖြင့် Stable Rom တွေဟာ update နှစ်လတစ်ကြိမ် လောက်ပေးလေ့ရှိပါတယ်။ Stable Rom မှာ bug ,error ကြီးကြီးမားမား​တွေ့တယ် ဆိုရင် update ကိုချက်ချင်းထုတ်ပေးတတ်သလို ၊ တစ်ခါတစ်လေမှာလည်း update ထွက်ဖို့အရေး နှစ်လမက ကြာတတ်ပါတယ်။ စမ်းသပ်နေတဲ့ feature အသစ်တွေဟာ မငြိမ်သေးဘူး ၊ error ရှိသေးတယ်လို့ ယူဆရင် ကြာနိုင်ပါတယ်။ ဒီတော့ Stable Rom ဆိုတာတွေက error မရှိသလောက်နည်းမယ်၊ feature အသစ်တွေကတော့ နောက်ကျပီးမှ ရလေ့ရှိတယ်၊ Update တွေဘာတွေ က နှစ်လတစ်ကြိမ် ပျှမ်းမျှ မှ ရတတ်ကြပါတယ်။ မိမိ ရဲ့ MIUI version ကို အပေါ်မှာပြောခဲ့တဲ့အတိုင်း setting > about phone က MIUI version မှာ စစ်ကြည့်နိုင်ပါတယ်။ MIUI 9 တွေမှာတော့ setting > My Device > All Specs > MIUI version ဆိုတဲ့ နေရာမှာစစ်ကြည့်နိုင်ပါတယ်။
                 Stable Rom တွေမှာ ဗားရှင်းအလိုက် ခွဲထားတာရှိပါတယ်။ ဥပမာ MIUI 8.5.3.0 Stable ဆိုရင် ရှေ့ဆုံး 8 ဆိုတာက MIUI version ဖြစ်ပါတယ်။ MIUI 8 ပေါ့။ သူ့နောက်က 5.3.0 ဆိုတာက update version လို့ အကြမ်းဖျင်းမှတ်ယူထားနိုင်ပါတယ်။ တကယ်လို့  Global Stable version ဆိုရင် MIUI version ဆိုတဲ့ နေရာမှာ Global Stable လို့ရေးထားလေ့ရှိပီး ၊ China Stable ဆိုရင် Stable လို့ပဲ ရေးထားလေ့ရှိပါတယ်။
တစ်ခါတစ်လေ ကျတော့ ဖုန်းချင်းအတူတူ , Stable version ချင်းအတူတူ သူများက update ရပီး ကိုယ်က update မရတာလည်း ကြုံဖူးမှာပါ။ ဒါက တော့ Random အနေနဲ့ ကျပမ်းရွေးပီး update ပေးလို့ လို့ပဲ မှတ်ယူထားနိုင်ပါတယ်။ အချိန်တန်ရင် အားလုံးတစ်ပြေးညီ update ရမှာပဲဖြစ်ပါတယ်။

Beta/Dev Rom
             Beta Rom (တစ်ချို့ကလည်း Dev Rom လို့ခေါ်လေ့ရှိပါတယ်) တွေကကျတော့ Stable နဲ့ပြောင်းပြန်ပါတယ်။ တစ်ပတ်တစ်ခါ သောကြာနေ့တိုင်း update ရပါတယ်။ (အချို့ ကြုံတောင့်ကြုံခဲ အားလပ်ရက်၊ပိတ်ရက်တွေကလွဲလို့ပေါ့လေ) ။ နောက်ပီး feature အသစ်အသစ်တွေဆိုရင်လည်း Beta /Dev Rom သုံးတဲ့သူတွေက အရင်ရပါတယ်။ ဒီ feature အသစ်တွေ က error ပါချင်လည်းပါမယ်၊ မပါချင်လည်းမပါဘူး။ စမ်းသပ်လိုတဲ့ feature အသစ်အသစ်တွေ ဆိုရင် ဒီ Beta/Dev Rom မှာ အရင်ဆုံးပါပါတယ်။ တစ်ခါတစ်လေ error ပေါင်းအများကြီးပါတာလည်း ကြုံတွေ့ရနိုင်သလို ၊ တစ်ချို့ feature တွေ app တွေကောင်းကောင်း အလုပ်မလုပ်တာ တွေလည်းကြုံတွေ့ရနိုင်ပါတယ်။ အနှစ်ချုပ်အနေနဲ့ကတော့ Beta/Dev Rom တွေဟာ update မြန်မြန်ဆန်ဆန်ရ ၊feature အသစ်တွေ စောစောစီးစီးရ ၊error တွေအများကြီးလည်းကြုံတွေ့ရနိုင်တဲ့ Rom တစ်မျိုးဖြစ်ပါတယ်။သာမာန်အသုံးပြုသူတစ်ဉီး အနေနဲ့ဆို မသုံးသင့်ပါဘူး။ Beta Rom သုံးသူတွေလည်း  မိမိ ရဲ့ MIUI version ကို အပေါ်မှာပြောခဲ့တဲ့အတိုင်း setting > about phone က MIUI version မှာ စစ်ကြည့်နိုင်ပါတယ်။ MIUI 9 တွေမှာတော့ setting > My Device > All Specs > MIUI version ဆိုတဲ့ နေရာမှာစစ်ကြည့်နိုင်ပါတယ်။
               Beta Rom တွေဟာ တစ်ပတ်တစ်ခါ သောကြာနေ့တိုင်း ပုံမှန် update ရတယ်လို့ ပြောခဲ့ပြီးပါပြီ။MIUI Beta Rom version တွေကိုတော့ ဒီလိုခွဲခြားထားပါတယ်။ ဥပမာ MIUI 9 Beta 7.9.28 ဆိုပါတော့ ။ MIUI ရဲ့ ကပ်ရက် နောက်က ဂဏန်းက MIUI version ဖြစ်ပါတယ်။ MIUI 9 ပေါ့ ။ 7.9.28 ဆိုတာက update ထုတ်ပေးတဲ့နေ့စွဲဖြစ်ပါတယ်။ 2017 ခုနှစ် ၊ 9 လပိုင်း ၊ 28 ရက်နေ့က ထုတ်တာလို့ သိနိုင်ပါတယ်။

Stable Rom နဲ့ Beta/Dev Rom ဘာတွေကွာလဲဆိုတာ ပုံမှာ ကြည့်နိုင်ပါတယ်။


ဒီလောက်ဆိုရင် Global တွေ China တွေ ၊ Beta တွေ Stable တွေ နားလည်လောက်ပီလို့ ယူဆပါတယ်။ 
နားမလည်သေးဘူးဆိုရင် အစအဆုံးထပ်ဖတ်ပါ :3 
 MIUI Rom တွေကို နှိုင်းယှဉ် လိုတယ်ဆိုရင်လည်း Global နဲ့ China , Beta နဲ့ Stable အချင်းချင်းနှိုင်းယှဉ်တာက သင့်တော်မှန်ကန်ပီး Global နဲ့ Stable ဘာကောင်းတုန်းဗျ၊ China နဲ့ Beta ဘာကောင်းတုန်းဗျ ဆိုတဲ့မေးခွန်းမျိုးတွေက ပြည့်စုံမှန်ကန်မှုမရှိ ဘဲ မှားယွင်းနေတဲ့ မေးခွန်းမျိုးတွေဖြစ်တယ်လို့ ပြောရင်း..........
(မောထှာဗျာ.... ရေးလိုက်ရတာ)

Comments