Facebook တွင် See conversion/ ဖောင့်ပြောင်းကြည့်ပါ ဇွတ်ဖော်နည်း နည်းလမ်း(၁) နှင့် နည်းလမ်း (၂)

ဒီနည်းလမ်းက MUA က ကိုသန့်သက် (TT Keyboard Developer) က လုပ်ပေးထားတာပါ။ ဖေ့စ်ဘုတ်မှာ See conversion ရရင် ဘာကောင်းလဲဆိုတော့ ဇော်ဂျီနဲ့တင်တဲ့စာစုတိုင်းကို ယူနီကုဒ်အဖြစ် ပြောင်းလဲပြသပေးလို့ ကွန်ဗာတာမလိုဘဲ အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။ အရင်က ဖေ့စ်ဘုတ်မှာ ဒီနည်းလမ်းကို တရားဝင်ထည့်ပေးထားပါတယ်။ နောက်ပိုင်းမှာ သူတို့ဘက်က ဘာကြောင့်လဲမသိဘဲနဲ့ ပြန်ဖြုတ်သွားပါတယ်။ ပြန်ဖြုတ်သွားတယ်ဆိုတာက ဖေ့စ်ဘုတ်ရဲ့ဘာသာစကားကို မြန်မာ (ဗမာ) ထားပြီးသုံးရင်တော့ ဖောင့်ပြောင်းကြည့်ပါဆိုပြီး ပါလာပေမယ့် English လိုပဲ သုံးရင်တော့ See conversion အရင်လို မပေါ်တော့ပါဘူး။ ဒါကြောင့် ကိုသန့်သက်က ဒီနည်းလမ်းကို လုပ်ပေးထားတာပါ။ ဒီနည်းလမ်းက သူတို့ပြန်ဖျောက်လိုက်တဲ့ လုပ်ဆောင်ချက်ကို Javascript သုံးပြီး ပြန်ဖော်လိုက်ရုံပါပဲ... တရားမဝင်နည်းလမ်း ဘာမှမသုံးထားပါဘူး။ ဒီကောင်လေးလုပ်ထားရင် ဖေ့စ်ဘုတ်ကို English လိုပဲသုံးသုံး မြန်မာလိုပဲသုံးသုံး See conversion က အမြဲပေါ်နေမှာဖြစ်လို့ ဇော်ဂျီနဲ့ရေးထားသမျှ စာစုတိုင်းကို အဆင်ပြေပြေ ဖတ်ရှုသွားနိုင်မှာပါ။

 နည်းလမ်း(၁)
အောက်မှာပြောထားတဲ့ လုပ်ပုံလုပ်နည်းကို ကိုသန့်သက်ရေးထားတဲ့အတိုင်း တစ်လုံးမလွဲ ပြန်တင်ပေးလိုက်ပါတယ်။



Fb မှာ See Conversion / ဖောင့်ပြောင်းကြည့်ပါ မပေါ်တဲ့သူတွေ translation ကို Burmese ရွေးမရတဲ့လူတွေအတွက်ပါ။ လုပ်တာကတော့ browser ထဲမှာလုပ်ရပါမယ်။ လုပ်ပြီးသွားရင် app မှာ logout လုပ် login လုပ်လို့ ကံကောင်းရင်တော့ See Conversion ပေါ်နေပါလိမ့်မယ်။


1. https://touch.facebook.com/ ကို Browser မှာဖွင့်ပြီး login လုပ်ပါ (Chrome Browser မှာစမ်းထားပါတယ်)


2. https://touch.facebook.com/settings... ကိုသွားပါ (ဒီက copy ကူးဖို့ အဆင်မပြေရင်http://pastebin.com/9zsws2wY ကိုဖွင့်ကူးပါ)


3. javascript:(function()%7Bels%20%3D%20document.getElementsByName('primarydialect')%3Bfor%20(i%20%3D%200%3B%20i%20%3C%20els.length%3B%20i%2B%2B)%20%7B%20%20els%5Bi%5D.value%20%3D%20'my_MM'%20%7Ddocument.getElementsByTagName('form')%5B0%5D.submit()%7D)() ကို copy ကူးပါ (ဒီက copy ကူးဖို့ အဆင်မပြေရင်http://pastebin.com/9zsws2wY ကိုဖွင့်ကူးပါ။)


4. copy ကူးထားတာကို browser address bar မှာ paste ပြီး enter နှိပ်လိုက်ပါ။ (ရှေ့က javascript: ဆိုတာလေးက paste လုပ်လိုက်ရင် မပါဘူးဖြစ်နေတတ်ပါတယ် အဲဒီအခါ လက်နဲ့ javascript: ဆိုပြီး ပြန်ရေးပြီးမှ enter နှိပ်ပါ။)


5. Facebook app မှာ logout လုပ်ပါ login ပြန်လုပ်ပါ


6. ဆုတောင်းပါ :P See Conversion ရပါပြီ။


အဆင်ပြေကြပါစေဗျာ။

Big Thanks to Ko Thant Thet

လုပ်ပုံလုပ်နည်း ဗီဒီယိုလေးကိုကြည့်ပြီး အဆင်ပြေပြေ လုပ်နိုင်ကြပါစေဗျာ။





နည်းလမ်း (၂)

အကယ်၍များ အပေါ်မှာ ပြောထားတဲ့ နည်းက နည်းနည်းခက်နေတယ် အဆင်မပြေဘူး ဆိုရင် နောက်တစ်နည်း ရှိပါသေးတယ်။
ကွန်ပျူတာလိုပါမယ်
လုပ်ပုံလုပ်နည်းက လည်း ကြည့်ရင်ခက်သလိုလိုနဲ့ အရမ်းလွယ်ပါတယ်
အောက်က ဗီဒီယိုဖိုင် လေးကို ကြည့်ပါ။
https://www.youtube.com/watch?v=l7eDThqZSZM

ဒီနည်းက တော့ ကိုသစ်ပင်(Thix Pin ) အား ကျေးဇူးအထူးတင်ပါတယ်



အပေါ်ကနည်း လမ်းနှစ်ခုလုံးကို မလုပ်တတ်ဘူး ၊ အဆင်မပြေသေးဘူးဆိုရင် နည်းလမ်း(၃) ရှိပါသေးတယ်။
အောက်ကလင့်ကနေ နည်းလမ်း (၃) ကို ကြိုးစားကြည့်ပါဉီး

see conversation ဇွတ်ဖော်နည်း နည်းလမ်း(၃)

Comments