Windows 7 နှင့် Windows 8 တွေမှာ ဆော့ဝဲလ်မလိုပဲ CMD Command ဖြင့် WIFI ပြန်လွှင့်နည်း

ကျနော် အခုတလော ကိစ္စတွေများပြီး အလုပ်တွေရှုပ်နေလို့ ပိုစ့်တွေလည်း ပုံမှန်မတင်ပေးဖြစ်ပါ..။ ကျနော်အသုံးပြုနေကျ အင်တာနက်ကလည်း 3G ကနေ 4G ကို Upgrade မြှင့်တယ်ဆိုပြီး လိုင်းတွေ အားလုံးကြောင်နေလို့ လိုင်းဖွင့်တိုင်း အသုံးပြုလို့ မရတဲ့အချိန်က ပိုများပါတယ်..။ လိုင်းမကောင်းသေးတဲ့အတွက် ဆော့ဝဲလ်တွေ Upload တင်ပေးဖို့ အဆင်မပြေသေးလို့ ဒီလုပ်နည်းလေးကိုပဲ အချိန်ရတုန်းလေး အားလုံးပဲ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ တင်ပေးလိုက်ပါတယ်..။ ဒီ WIFI ပြန်ထုတ်နည်းက Windows 8 နဲ့ Windows 7 တွေမှာ ကျနော် အသုံးပြုပြီး အဆင်ပြေတဲ့ နည်းလေးပဲ ဖြစ်ပါတယ်..။ လုပ်နည်းက သိပ်တော့ မခက်ပါဘူး..။ အောက်မှာ ပုံလေးတွေနဲ့ ကြည့်ပြီး လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ Laptop တွေမှာတော့ အားလုံး အဆင်ပြေစေမှာ ဖြစ်ပြီး.. PC (Desktop) တွေမှာ ဆိုရင်တော့ Wireless Card ဆိုက်ထားတဲ့ WIFI အသုံးပြုလို့ ရတဲ့ စက်တွေမှာပဲ အဆင်ပြေမှာပါ..။ အရင်တုန်းကတော့ Connectify Pro ဆော့ဝဲလ်မျိုးတွေကို အသုံးပြုပြီးမှ WIFI ထုတ်လို့ ရတာဖြစ်ပြီး၊ အခုကတော့ ဆော့ဝဲလ်မလိုတော့ပဲ CMD ထဲမှာ စာကြောင်းအနည်းငယ် ရိုက်ထည့်ပြီး Setting မှာ လိုအပ်တာလေးတွေ လိုက်ပြောင်းပေးလိုက်ရင် မိမိတို့ စက်ကနေ WIFI ပြန်ထုတ်ယူပြီး ဖုန်းတွေနဲ့ တခြား ကွန်ပျူတာတွေမှာ အင်တာနက်ကို ကောင်းစွာအသုံးပြုလို့ ရသွားပါပြီ..။ အသုံးလိုတဲ့သူများအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။


အောက်ကဇယားကွက်လေးထဲမှ စာသားတွေကို Command Prompt မှာ ရိုက်ထည့်ပေးပါ..။ အပြာရောင်နဲ့ ပြထားတဲ့ နာမည်နဲ့ ဂဏန်းနေရာတွေမှာ မိမိတို့နာမည်နဲ့ နံပါတ်တွေကို ပြောင်းရိုက်ထည့်ပေးလိုက်ရင် ရပါပြီ..။ key နေရာကတော့ မိမိတို့ ပြန်ထုတ်လွှတ်ထားတဲ့ WIFI ကို အသုံးပြုတဲ့အခါ ရိုက်ထည့်ပေးရမယ့် Password တွေပဲ ဖြစ်ပါတယ်..။

netsh wlan show drivers
netsh wlan set hostednetwork mode=allow ssid=Lwinminbo key=12345678
netsh wlan start hostednetwork

အပေါ်မှာ ပေးထားတဲ့ စာကြောင်း သုံးကြောင်းကို Command Prompt ထဲမှာ ရိုက်ထည့်ပေးရမှာဖြစ်လို့ အရင်ဆုံး Command Prompt ကို အောက်ကပုံလေးတွေအတိုင်း ဖွင့်ပါတယ်..။ Administrator နဲဲ့ ဖွင့်ပါ..။ Windows 7 မှာ ဆိုရင်တော့ Search နေရာမှာ Command Prompt လို့ ရိုက်ထည့်ပြီး ပေါ်လာတဲ့ စာသားတွေထဲက Command Prompt စာသားပေါ်မှာ Right Click >> Run as administrator နဲ့ ဖွင့်ပါ..။ ဒီပိုစ့်မှာတော့ ကျနော် Windows 8 နဲ့ပဲ လုပ်ပြထားပါတယ်..။


အောက်ကတော့ Command Prompt ဖွင့်နည်း နောက်တမျိုးပါ..။



Command Prompt ကို Admin နဲ့ ဖွင့်လိုက်ပြီး အပေါ်မှာ ပေးထားတဲ့ ပထမစာကြောင်းကို ရိုက်ထည့် (သို့မဟုတ်) copy-past နဲ့ ထည့်ပြီး Enter တချက်ခေါက်ပေးလိုက်ပါ..။


အောက်ကပုံမှာ ပြထားသလို Yes စာသား ပေါ်လာရင်တော့ နောက်ထပ်စာကြောင်းတွေကို တကြောင်းစီ ရိုက်ထည့်ပြီး Enter တချက်စီ ခေါက်သွားလိုက်ပါ..။



အပေါ်ကစာကြောင်းတွေအတိုင်း အဆင့်ဆင့်ပေါ်လာပြီးရင်တော့ Command Prompt ကို Exit နဲ့ ပိတ်လိုက်လို့ ရသွားပါပြီ..။ ဒါဆိုရင် ကွန်ပျူတာကနေ WIFI ထုတ်လွှတ်ပေးနေပါပြီ..။ ဒါပေမယ့် အင်တာနက် အသုံးပြုလို့ မရသေးပါ..။ ဒါကြောင့် အောက်ကပုံလေးတွေအတိုင်း Setting မှာ တချက် သွားပြောင်းပေးဖို့ လိုပါတယ်..။ Setting ကနေပဲ ဖြစ်ဖြစ်၊ Control Panel ကနေပဲ ဖြစ်ဖြစ် Network and Sharing Center ကို ဖွင့်ပါ..။ ရှော့ကပ်အနေနဲ့ဖွင့်မယ်ဆိုရင်တော့ Run ဘောက်စ်မှာ ncpa.cpl စာသားကို ရိုက်ထည့်ပြီး ဖွင့်လို့လည်း ရပါတယ်..။ 



အောက်ကပုံ အပြာရောင်နဲ့ ဝိုင်းပြထားတဲ့ပုံမှာ ကျနော့်စက်မှာတော့ Local Area Connection 13 လို့ ပေါ်နေပါတယ်..။ No Internet access ဖြစ်နေတဲ့အတွက် WIFI ထုတ်ထားပေမယ့်လည်း အင်တာနက်ကို အသုံးပြုလို့ မရသေးပါဘူး..။ ဒါကြောင့် မျှားနီပြထားတဲ့ Setting မှာ သွားပြောင်းပေးဖို့ လိုပါတယ်..။ အောက်ဆုံးပုံလေးတွေအတိုင်း ဆက်ကြည့်လိုက်ပါဗျာ..။


အောက်ကပုံမှာ မြင်ရတဲ့ အဆင့်မှာတော့ မိမိတို့ ပြန်ထုတ်လွှတ်ထားတဲ့ WIFI ကို မိမိတို့ ပေးထားတဲ့ နာမည်နဲ့ မြင်ရပါတယ်..။ ကျနော်ကတော့ LMB လို့ ပေးထားလို့ အပြာရောင်နဲ့ ဝိုင်းပြထားတဲ့အတိုင်းပါ..။
ပြောင်းပေးရမှာက အနီရောင်နဲ့ ပြထားတဲ့ နေရာမှာပဲ ဖြစ်ပါတယ်..။ မိမိတို့ အသုံးပြုနေတဲ့ Broadband (or) WIFI နေရာမှာ Right Click >> Properties ကနေ ဝင်သွားလိုက်ပါ..။ အောက်ကပုံလေးတွေ အတိုင်းပါ..။


အောက်ကပေါ်လာတဲ့ အဆင့်မှာ Sharing နေရာမှာ အပေါ်ပိုင်းက ပြထားတဲ့ပုံတွေမှာ ပေါ်နေတဲ့စာသား Local Area Connection 13 စာသားကို ရွေးယူပေးရမှာပဲ ဖြစ်ပါတယ်..။ ဒီနေရာမှာ စက်တလုံးနဲ့ တလုံး မတူတဲ့အတွက် မိမိတို့ စက်မှာ ပေါ်နေတတ်တဲ့ စာသားတွေကိုပဲ ကြည့်ပြီး တူအောင် ရွေးယူပေးရမှာ ဖြစ်ပါတယ်..။ ပြီးရင်တော့ OK ပေးလိုက်ပါ..။ ဒါဆိုရင်တော့ မိမိတို့ ပြန်ထုတ်လွှတ်လိုက်တဲ့ WIFI မှာ အင်တာနက်ကို အသုံးပြုလို့ ရပါပြီ..။ တကယ်လို့ မရတတ်သေးတဲ့ သူများရှိခဲ့ရင် ကွန်ပျူတာမှာ အင်တာနက် Connection ကို Connect နဲ့ Disconnect ကို တလှည့်စီ ပိတ်လိုက်၊ဖွင့်လိုက် လုပ်ကြည့်ခြင်းဖြင့် အင်တာနက်ကို အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။


အပေါ်ကပုံလေးတွေအတိုင်း လိုက်ပြောင်းပေးပြီးရင်တော့ အောက်ကပုံလေးတွေအတိုင်း Shared နဲ့ Internet စာသားတွေ ပြောင်းလဲပေါ်နေရင်တော့ မိမိတို့ ပြန်ထုတ်လိုက်တဲ့ WIFI မှာ အင်တာနက်ကို ကောင်းစွာ အသုံးပြုလို့ ရသွားပါပြီ..။



အောက်ကပုံလေးကတော့ ကျနော့်ဖုန်းနဲ့ ကွန်ပျူတာမှ ဒီနည်းဖြင့် ပြန်ထုတ်ယူလိုက်တဲ့ WIFI အင်တာနက်ကို Connect လုပ်ပြီး အသုံးပြုထားတာပဲ ဖြစ်ပါတယ်..။ ဒီလောက်ဆိုရင်တော့ ဒီနည်းလေးကို အားလုံးပဲ အသုံးပြုတတ်လောက်ပါပြီ..။ အားလုံးပဲ လုပ်တတ်၍ အဆင်ပြေကြပါစေ..။

မှတ်ချက်။ ။စက်ပိတ်လိုက်တဲ့အခါမှာ ထုတ်လွှတ်ထားတဲ့ WIFI ပါ ပိတ်သွား၊ ပျောက်သွားပါတယ်..။ တခါပြန်အသုံးပြုလိုတဲ့အခါ အပေါ်ကနည်းအတိုင်း ပြန်ပြီး အဆင့်ဆင့် ပြန်လုပ်ပေးမှ WIFI ကို ပြန်လည် ထုတ်လွှတ်အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။

credit to Lwinminbo

Comments