Android Smartphone မှာ RAM ကို တိုးမြှင့်နည်းများ

  စမတ်ဖုန်းများဟာ ဟောင်းနွမ်းလာတာနဲ့ အမျှ နောက်ဆုံးပေါ် Apps များနဲ့ Software Update အသစ်များကို ကောင်းစွာ ကိုင်တွယ်နိုင်ခြင်း မရှိတော့ပါဘူး။ ဟောင်းနွမ်းတဲ့ Hardware များဟာ စွမ်းဆောင်ရည် ပြဿနာများ ဖြစ်ပေါ်စေပါတယ်။ အဲဒီအတွက် RAM ကို တိုုးမြှင့်ခြင်းက ပြဿနာများကို ပြေလည်စေမှာပါ။ ဒီဆောင်းပါးမှာ Root လုပ်ထားပြီးသား ဖုန်းများအတွက်ရော၊ Root လုပ်ထားခြင်း မရှိတဲ့ ဖုန်းများ အတွက်ပါ RAM ကို တိုးမြှင့်နည်းများကို ရေးပေးလိုက်ပါတယ်။
RAM ( Random Access Memory) ဆိုတာ
သင့် စမတ်ဖုန်းဟာ Temporary Data များကို ကူးပြောင်းဖို့ RAM ကို အသုံးပြုရပါတယ်။ RAM များလေလေ Apps, Tabs, Processes, Windows များကို တစ်ပြိုင်နက် လျှင်မြန်စွာ အသုံးပြုနိုင်လေလေ ဖြစ်ပါတယ်။ OS နဲ့ System Processes များကလည်း RAM ကို စားသုံးနေကြပါတယ်။ Apps များကို အင်စတော ပြုလုပ်မှု များလာတာနဲ့ အမျှ Processes အသစ်များစွာက System ထဲကို ဝင်ရောက်လာတဲ့ အတွက် နှေးကွေးမှုများ ဖြစ်ပေါ်လာရတာပါ။
Root လုပ်ထားခြင်း မရှိတဲ့ ဖုန်းများမှာ RAM ကို မြှင့်တင်နည်းများ
Widgets နဲ့ Live Wallpaper များကို ကန့်သတ်ပါ။
Widgets တော်တော်များများက ကိုယ်တိုင် Refresh ပြုလုပ်ကြပြီး Live Wallpaper များက အချိန်ပြည့် RAM ကို စားသုံးနေကြပါတယ်။ အဲဒီအတွက် သင့်ဖုန်းဟာ နှေးကွေးလေးလံလာပြီ ဆိုရင်တော့ RAM နေရာလွတ်များ ရရှိဖို့ Widgets နဲ့ Live Wallpaper များကို ဖယ်ရှားပေးပါ။
Apps များကို Disable လုပ်ပါ။
Apps အချို့ဟာ အသုံးပြုနေခြင်း မရှိတဲ့ အချိန်မှာတောင် RAM ကို စားသုံးနေပါတယ်။ အဲဒီ Apps များကို နောက်ကွယ်မှာ Run နေခြင်းကို ပိတ်ပင်ထားလိုက်ရင် RAM နေရာလွတ်များ ရရှိမှာပါ။
App တစ်ခုကို Disable လုပ်ဖို့ Settings> Apps or Application Manager ကို သွားပါ။ All ကိုသွားပြီး Disable လုပ်ချင်တဲ့ App ကို တစ်ချက်နှိပ်ပါ။ Disable ကိုနှိပ်ပြီး Confirm လုပ်ပါ။ စမတ်ဖုန်းမှာ နဂိုပါတဲ့ App များကို Disable မလုပ်ခင် သတိထား လေ့လာပါ။ မဟုတ်ရင်တော့ သင့်ရဲ့ System မှာ မတည်ငြိမ်မှုများ တွေ့နိုင်ပါတယ်။ အခြား App များကိုတော့ စိတ်ချလက်ချ Disable လုပ်နိုင်ပါတယ်။ လုံးဝ မသုံးတဲ့ Apps များကိုတော့ Delete or Uninstall လုပ်ပေးပါ။

1

Animation များကို Disable လုပ်ပါ။RAM ကို စားသုံးနေတဲ့ Animation များဟာ မရှိမဖြစ် လိုအပ်တာ မဟုတ်ပါဘူး။ အဲဒါတွေကို Developer Options ထဲမှာ စီမံခန့်ခွဲနိုင်ပါတယ်။ သင့်ဖုန်းရဲ့ Settings ထဲမှာ Developer Options ကို မတွေ့ရသေးရင် About Phone ထဲသွားပြီး Build Number ကို ခုနစ်ချက်နှိပ်ပါ။Settings အောက်မှာ Developer Options ပေါ်လာရင် Drawing ကဏ္ဍထဲရှိ Window Animation Scale, Transition Animation Scale, Animator Duration Scale တို့ကို Disable လုပ်ပေးပါ။ ဒါဆိုရင် သင့်ဖုန်းမှာ RAM နေရာလွတ်များ ရရှိမှာ ဖြစ်ပါတယ်။

2 
 Root လုပ်ပြီးသား ဖုန်းများမှာ RAM တိုးမြှင့်နည်း
Root လုပ်ထားတဲ့ ဖုန်းများမှာတော့ RAM ကို တိုးမြှင့်တဲ့ နည်းတစ်နည်းရှိပါတယ်။ သင့်ရဲ့ SD Card မှ Partition တစ်ခုဖဲ့ယူပြီး ပင်မ RAM ရဲ့ ဆင့်ပွား RAM အဖြစ် အသုံးပြုနိုင်မှာပါ။ ဒီလို လုပ်ဖို့ ROEHSOFT RAM Expander (SWAP) ဆိုတဲ့ App ကို အသုံးပြုမှာ ဖြစ်ပြီး အောက်က လင့်ကနေ ဒေါင်းလုပ်ရယူပါ။
 
သင့် Device ရဲ့ Compatibility ကို စစ်ဆေးပါ။
အထက်ဖော်ပြပါ App ကို အသုံးမပြုခင်မှာ သင့်ဖုန်းနဲ့ Compatible ဖြစ် မဖြစ် စစ်ဆေးရပါအုံးမယ်။ စစ်ဆေးဖို့အတွက် MemoryInfo & Swapfile Check ဆိုတဲ့ App ကို အောက်က လင့်ကနေ ရယူပြီး အင်စတော လုပ်ပါ။
http://goo.gl/QTGGQW
App ကိုဖွင့်ပြီး SuperUser ကို ခွင့်ပြုပေးပါ။ “ Start RAMExpander Test Here” ကိုနှိပ်ပါ။ SD Card သိ်ု့မဟုတ် Ext SD Card ကို ရွေးပါ။ ပြီးရင် “ Click for result” ကိုနှိပ်ပါ။ “ Congratulations” စာသားပေါ်လာရင်တော့ သင့်ဖုန်းဟာ RAM Expander App နဲ့ Compatible ဖြစ်ပါပြီ။
 3SWAP ကို အသုံးပြုနည်း
ROEHSOFT RAM-EXPANDER (SWAP) App ကို ဖွင့်ပြီး Root Permission ပေးပါ။ SwpFile ရဲ့ ဘယ်ဘက်ဘေးမှ Slider ကိုရွှေ့ပြီး Partition အတွက် Memory ပမာဏ သတ်မှတ်ပေးပါ။ “ Optimal Value” ကို နှိပ်ရင်တော့ အကောင်းဆုံး စွမ်းဆောင်ရည်အတွက် Settings များကို အလိုအလျှောက် ချိန်ညှိပေးမှာပါ။ Autorun ကိုလည်း On ထားပေးပါ။ နောက်ဆုံးမှာတော့ “Swap Activ” ခလုတ်ကို နှိပ်ပါ။
 4
ဒါဆိုရင် သင့်ရဲ့ System မှာ RAM ပိုမိုရရှိလာပါပြီ။ သင့်ဖုန်းဟာလည်း အရင်ကထက် ပိုမိုလျှင်မြန်စွာ လည်ပတ်နိုင်ပါပြီ။

ref;http://www.myanmardigitallife.com/ And

Comments