Software မသုံးပဲ Computer ထဲက အမှုှုိက်များ ရှင်းနည်း




ကျနော်တို့ ကွန်ပျူတာထဲက အမှိုက်တွေကို ရှင်းတဲ့နည်းလမ်းတွေ အများကြီးထဲက ဒီတစ်နည်းကို အရင်ဖော်ပြလိုက်ပါတယ်..။ နေ့စဉ် မိမိတို့ ကွန်ပျူတာကို ဖွင့်သုံးနေသမျှ ကွန်ပျူတာထဲမှာ အမှိုက်တွေကလည်း များလာပါတယ်..။ ကြာလာတာနဲ့အမျှ အမှိုက်တွေများလာတော့ စက်က လေးလာပါတယ်..။ ဗိုင်းရပ်စ်ကြောင့်မဟုတ်ပဲ အမှိုက်ကြောင့်လည်း စက်လေးတတ်ပါတယ်..။ ဒါကြောင့် အမှိုက်တွေ နေ့စဉ်ရှင်းပေးသင့်ပါတယ်..။ နေ့စဉ် မလုပ်နိုင်ရင်တောင် တစ်ပါတ်တစ်ခါ၊ နှစ်ခါတော့ ပုံမှန်ရှင်းပေးသင့်ပါတယ်..။
အခုဒီနည်းလေးကလည်း ကျနော်အမြဲသုံးတဲ့ နည်းလေးမို့လို့ အရင်တင်ပေးလိုက်ပါတယ်..။ လုပ်နည်းကတော့ ကီးဘုတ်ရှော့ကတ်ကီး Windows logo + R နဲ့ Run Box ကိုအရင်ဖွင့်ပါ..။ ပြီးရင်တော့ ဒီအောက်က စာသုံးကြောင်းကို တကြိမ်စီ ရိုက်ထည့်ရပါမယ်..။ တကြောင်းပြီးမှ တကြောင်း ရိုက်ထည့်ရမှာ ဖြစ်ပါတယ်..။ ပထမတကြောင်း %temp% ၊ ဒုတိယတကြောင်း prefetch ၊ တတိယတကြောင်း recent ဆိုပြီး တကြောင်းစီ ရိုက်ထည့်ပြီးတိုင်း OK သို့မဟုတ် Enter ခေါက်ပေးပါ..။ အောက်မှာပုံတွေ ကြည့်ပြီး  လိုက်လုပ်ကြည့်လိုက်ပါဗျာ... အဆင်ပြေပါစေ...




windows+R နဲ့ Run ဘောက်စ်ဖွင့်ပြီး ပထမစာကြောင်း %temp% ရိုက်ထည့်ပါ.. ပုံမှာဆက်ကြည့်လိုက်ပါ..။









ဒုတိယစာကြောင်း prefetch ကို Run Box တွင်ထပ်ရိုက်ထည့်ပါ..။ ပုံမှာဆက်ကြည့်လိုက်ပါဗျာ..






တတိယစာကြောင်း recent ကို Run Box တွင်ထပ်ရိုက်ထည့်ပါ



အပေါ်က စာသုံးကြောင်းနဲ့ အမှိုက်တွေ ရှင်းပြီးရင်တော့ အမှိုက်တွေအားလုံး Recycle Bin လို့ခေါ်တဲ့ အမှိုက်ပုံးထဲကို ရောက်သွားပါပြီ..။ မပြီးသေးပါဘူး.. အမှိုက်တွေသွန်လိုက်ပါအုန်း.. အောက်ကပုံမှာ ပြထားတဲ့အတိုင်း ဆက်လုပ်လိုက်ပါ..



ဒီအဆင့်တွေအားလုံး ပြီးသွားရင်တော့ မိမိတို့စက်ထဲမှာ အမှိုက်တော်တော်များများ ရှင်းသွားပါပြီ.. နောက်ထပ် အမှိုက်ရှင်းတဲ့ နည်းလမ်းများ နောက်ပိုစ့်တွေမှာ ထပ်တင်သွားပါအုန်းမည်..။ အားလုံးပဲ အဆင်ပြေကြပါစေဗျာ....

Credit to lwinminbo

Comments