Quick Format နဲ့ Regular Format ကွာခြားပုံ

ကျွန်တော်တို့ memory stick တွေ၊Hard disk တွေကို format ချတဲ့အခါ  Quick Format နဲ့ Regular Format ကွာခြားပုံ ကိုဖော်ပြပေးချင်ပါတယ်။
ကျွန်တော်တိို့ Windows တင်တဲ့ အခါမှာFormat အတွက် ရွှေးချယ်ရတဲ့ Quick နှင့် Regular 
ဆိုပြီး ရှိပါတယ်။ Quick နှင့် တင်ရင် ဘယ်လိုဖြစ် မယ် Regular နဲ့ တင်ရင် ဘယ်လိုဖြစ်မယ်ဆို
တာ ကို သိပြီးတင်တာနဲ့ ဒီအတိုင်း တင်နေတာထပ်စားရင် အဓိပ္ပာယ်ပိုရှိမှာပါ။ ဒါကြောင့် အခုလို တင်ပြ ပေးလိုက်တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ Windows တင်တဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ တစ်ချိူ့ Windows
 တွေမှာ FAT File System မပါရှိတော့ပါဘူး NTFS File System ကိုဘဲ ပါပါတော့တယ်။ေ
နာက်ပြီး no Changes လဲ ပါမလာတာတွေ ရှိပါတယ်။ အဲဒါက အရေးမကြီးပါဘူး။ Quick Format
 နှင့် Regular Format ကို နားလည်ဖို့ဘဲ လိုပါတယ်။ NTFS နှင့် FAT အကြောင်း
တင်ပြခဲ့ပြီးဖြစ်
ပါတယ်။
  • Format the partition by using the NTFS file system (Quick)
  • Format the partition by using the FAT file system (Quick)
  • Format the partition by using the NTFS file system
  • Format the partition by using the FAT file system
  • Leave the current file system intact (no changes)
Quick Format
ကျွန်တော်တို့ Quick Format နဲ့ တင်တဲ့ အခါမှာ Windows တင်တဲ့ အပိုင်းက Disk ထဲက File
 တွေကို ဖယ်ရှား (Remove) ပေးပါတယ်။ ဒါပေမဲ့ Drive ရဲ့ bad Sectors တွေကို Scans မလုပ်ပေးပါဘူး။ တစ်နည်းအားဖြင့် Bad Sectors ရှိရဲ့သာနဲ့ bad Sectors ကို Scan မလုပ်ဘဲ
 ကောင်း တဲ့နေရာမှာဘဲ တင်သွားခဲ့မည်ဆိုလျင် Drive က မပျက်စီးဘူးလို့ ထင်ပြီး Quick Format ဘဲ ရွေးချယ်သင့်သလား။ ကိုယ်တိုင်း စဉ်းစားပါ။ ဒါကြောင့် Quick Format က Windows တင်တာ မြန်ပေးမဲ့ bad Sectors တွေကို Scan မလုပ်တာ ဖြစ်တဲ့အတွက်ကြောင့် မိမိ Drive မှာ
 Bad Sectors ရှိရဲ့သာနဲ့ မစစ်ဆေးဘဲ Quick Format နဲ့ဘဲ တင်နေမယ်ဆိုရင် Hard Disk က ရေရှည်ခံနိုင်ရည် ရှိမရှိ စဉ်းစားသင့်ပါတယ်။ Disk Error ရှောင်းရှား နိုင်သလာ ကိုယ်တိုင်း
 စဉ်းစားပါ။

Regular Format
Regular Format လို့တော့ မပြပါဘူး။ Quick လို့ မပြတဲ့ အပိုင်းက Regular လို့ ခေါ်ပါတယ်။
 Regular Format ကတော့ Files Permanently ကို ဖျက်ပေးရုံတင်မက bad Sectors တွေကိုပါ 
Scan လုပ်ပေးတာ ဖြစ်တဲ့အတွက်ကြောင့် Quick Format ထပ်စားရင် Drive မှာ Disk Error တွေကို ရှောင်းရှားနိုင်ပါတယ်။


Comments