ကွန်ပျူတာတက္ကသိုလ် (First Year) တက်ရောက်နေကြသော ကျောင်းသား/သူများ အတွက် အသုံးတည့် Android Application

မျက်မှောက်ခေတ်တွင် မြန်မာနိုင်ငံရှိ ငွေကြေး တတ်နိုင်သော ကျောင်းသား/သူ လူငယ်ကိုယ်စီတိုင်း လိုလိုတွင် Smart Phone များ ပိုင်ဆိုင်နေကြပြီ ဖြစ်ပါတယ်။ Smart Phone အမျိုးအစားထဲမှာ Android OS သုံး Smart Phone များကို သုံးစွဲသူ ပိုမိုများပြား နေပါတယ်။ ဖုန်းပိုင်ဆိုင်သူတွေ အထဲက တချို့သော လူငယ်တွေက Smart Phone ကို ဖုန်းပြောဖို့နဲ့ ဂိမ်းကစားရန်သာ အသုံးပြု ဖြစ်ပါတယ်။ တချို့သော လူငယ်တွေ အနေနဲ့ကတော့ အင်တာနက် အသုံးပြုဖို့ကိုသာ အဓိကထား အသုံးပြုကြပါတယ်။ Smart Phone တစ်လုံးကို ဘယ်လို ရည်ရွယ်ချက် အမျိုးမျိုးနဲ့ သုံးစွဲနေပါစေ ကိုယ်လုပ်ကိုင်နေတဲ့ အရာနဲ့ အသုံးတည့်မယ့် Application တွေဆိုရင်တော့ လိုချင်ကြမှာပါ။ ဒါကြောင့် ကျောင်းသား/သူများ အတွက် အသုံးတည့် Application သုံးခုကို မိတ်ဆက် ပေးချင်ပါတယ်။ ကွန်ပျူတာတက္ကသိုလ် (First Year) တက်ရောက်နေကြသူတွေ အနေနဲ့ ဘာသာရပ် (၇) ခု သင်ကြားနေရတဲ့ အနက်မှ 103 (Computer Application) ဘာသာရပ်မှာ HTML (Hyper Text Markup Language) နဲ့ CSS (Cascading Style Sheets) Language နှစ်ခုကို သင်ကြားရပါတယ်။ 104 (Programming) ဘာသာရပ်မှာတော့ C++ ကို သင်ကြားရပါတယ်။
ဒီ Language တွေအတွက် မိမိ Smart Phone ထဲမှာ ထည့်သွင်းထားပြီး Self-Study လုပ်နိုင်မယ့် Application ဖြစ်ပါတယ်။ Self-Study လုပ်ချင်တဲ့ ကျောင်းသား/သူများ အတွက် တကယ့်ကို အကျိုးရှိစေမယ့် Application ဖြစ်ပါတယ်။ Application သုံးခု အသုံးပြုဖို့အတွက် အင်တာနက် ဖွင့်ထားဖို့ မလိုပါဘူး။ Offline အသုံးပြုနိုင်ပါတယ်။ ပထမ Learn HTML, CSS and JavaScript App မှာတော့ သင်ခန်းစာပေါင်း (၈၉) ခုရှိပါတယ်။ HTML သင်ခန်းစာမှာတော့ သင်ခန်းစာ ၁ ကနေ ၂၁ အထိ ရှိပါတယ်။ သင်ခန်းစာ တစ်ခန်းချင်းအလိုက် လွယ်ကူတဲ့ English sentence များနဲ့ ရှင်းလင်းထားပါတယ်။ CSS သင်ခန်းစာမှာတော့ သင်ခန်းစာ ၂၂ ကနေ ၅၄ အထိ ရှိပါတယ်။ နောက်သင်ခန်းစာတွေကတော့ JavaScript သင်ခန်းစာ ဖြစ်ပါတယ်။ ၎င်း App မှာ အားသာချက် တစ်ခုက နောက်တစ်ကြိမ် App ကို ပြန်လည် အသုံးပြုတဲ့အခါမှာ ယခင်က ဖတ်နေဆဲ သင်ခန်းစာကို ပြန်ဖတ်ချင်တယ်ဆိုရင် Continue Reading ကနေ ပြန်ဖတ်လို့ ရပါတယ်။ ဒါမှမဟုတ် သင်ခန်းစာတွေ ပြန်ရွေးပြီး ဖတ်မယ်ဆိုရင်တော့ Read ဆိုတာကို ထောက်လိုက်ရင်ရပါပြီ။ ဒုတိယ App ကတော့ C++ အတွက် ဖြစ်ပါတယ်။ ၎င်း App မှာတော့ C Language သင်ခန်းစာနဲ့ C++ Language သင်ခန်းစာဆိုပြီး နှစ်ပိုင်း ပိုင်းထားပါတယ်။ C++ language App ကလည်း Learn HTML, CSS and JavaScript App လိုပါပဲ။ အသုံးပြုနည်းလည်း အတူတူပါပဲ။ နောက်တစ်ခုကတော့ Scientific Calculator ဖြစ်ပါတယ်။ ဒီ App ကတော့ ကွန်ပျူတာ ကျောင်းသား/သူတွေအတွက် သီးသန့်တော့ မဟုတ်ပါဘူး။ Mathematics နှင့် Physics စသည့် ဘာသာရပ်တွေ သင်ကြားနေရသူတွေ အတွက်လည်း အသုံးချနိုင်ပါတယ်။ Scientific Calculator မှာ အသုံးပြုနိုင်တဲ့ တွက်ချက်မှုတွေကတော့ 1) scientific calculations, 2) hex, oct & bin format calculation, 3) graphic application, 4) matrices, 5) quick formulas, 6) quick conversions & 7) time calculations တို့ ဖြစ်ပါတယ်။ Menu key ကနှိပ်ပြီးတော့ တွက်ချက်မှုတွေ ပြောင်းလဲလို့ ရပါသေးတယ်။ ကွန်ပျူတာ ကျောင်းသား/သူတွေ အတွက်ကတော့ 101 (Computer Foundation) ဘာသာရပ်မှာပါဝင်တဲ့ Hex/Oct/Bin တွက်ချက်ပုံတွေအတွက် ပိုအသုံးတည့်မှာပါ။ အထက်ပါ Applications သုံးခုကို အသုံးပြုချင်တယ် ဆိုရင်တော့ www.mediafire.com/?ae03mh961mhkd55(LearnC_C++programming)၊
www.mediafire.com/?50g5upga5rbigbj(LearnHTL-CSSJavaScript) နှင့်
www.mediafire.com/?t5y9tqc1b4mwyf2(Scientific Calculator) တွင် Download ပြုလုပ်နိုင်ပါတယ်။ ကျေးဇူးတင်ပါသည်။

Comments