Device Manager အကြောင်း သိကောင်းစရာ



 Device Manager ဆိုတဲ့ အတိုင်း Device များကို ထိန်းသိမ်း ပြုပြင်ရာမှာ
အကောင်းဆုံး Tool ပါ အမှန်တကယ်သာ အသုံးချ တက်မယ်ဆိုရင် Device&Drive
ဆိုင်ရာပြသာနာ များကို
လွယ်ကူချောမော စွာဖြေရှင်းနိုင်ပါလိမ့်မယ် ..ကွန်ပျူတာ
အသုံးပြုနေကြသူတိုင်း “Device Error Messages “ များကို တစ်နည်းမဟုတ်
တစ်နည်းတော့ တွေ့မြင်ဘူးကြမှာပါ ဒီလို Error Messages လေးတွေပေါ်မှာ
အခြေခံပြီးတော့Device ဆိုင်ရာ ပြဿနာများကို ဖြေရှင်း ထိန်းသိမ်း နည်းကို
ဆွေးနွေးသွားပါမယ် ..


ပထမဆုံး အဆင့်ကတော့ Hardware တွေကို ထိန်းသိမ်းပြုပြင် ပေးမဲ့ နေရာလေးကို သွားကြရအောင်
window logo key နဲ့ F1 ကို တွဲနှိပ်လိုက်ပါ Help and Support Center
ကျလာပါမယ် Fixing a problem ကိုက်ညီမဲ့ ဟာကို ရွေးချယ်ပြီး သူရဲ့ အစီအစဉ်
လမ်းညွန်လေးတွေ အတိုင်း လုပ်ဆောင် သွားယုံပါပဲ
“ Help and Support Center “ ရဲ့ အားသာချက်ကတော့ E book များလို ရှင်းပြရုံသာမက
လိုအပ်တဲ့ tools တွေဆီကို တိုက်ရိုက် လင့်ခ် လုပ်ပေးထားလို့ အတော် လေးကို လွယ်ကူ အဆင်ပြေ ပါတယ်
Device တွေမှာ ပြဿနာ တစ်ခု ခု ရှိနေပြီဆိုရင် ကာလာ တစ်မျိုးမျိုး နဲ့ပြလေ့ ရှိပါတယ် လက်တွေ့စမ်းသပ်ကြည့်ရအောင် Device တွေရဲ့ ပင်မထိန်းချုပ်တဲ့ နေရာဖြစ်တဲ့ Device Manager ကို
Run မှာ devmgmt.msc လို့ရိုက်ထည့်ပြီး ခေါ်ယူလိုက်ပါ အဝါရောင် Exclamationpoint လေးနဲ့ ပြသနေတာကတော့ Device မှာ ပြဿနာတစ်ခု ခု ရှိနေတယ်အငြင်းပွားစရာလေးတွေ ရှိနေတယ် ဆိုတဲ့ သဘောပါ ...

အနီရောင် “X” နဲ့ပြသနေရင်တော့ သေချာပါတယ် Device ကို Disable လုပ်ထားလို့ပါ အပြာရောင် “ i “ လေးနဲ့ ပြနေတာကတော့ Device ရဲ့အစိတ်အပိုင်း ဖွဲ့စည်းပုံများကို Change (or) Modify
လုပ်ထားတဲ့ Information ပါ ဒီအပြာရောင် “i” လေးကတော့ တစ်ခုကို နှစ်ခုရွေးကြည့်နေ တဲ့ အခြေအနေမျိုးမှာ ပဲပေါ်ပါတယ် တစ်ခုကို နှစ်ခုကိုကြည့်တယ်ဆိုတာက View Menu လေးကို အသုံးပြုပြီးတော့ “Resource by type” or” Resoure by connection” ဆိုပြီး ကြည့်ရှုခြင်းမျိုးကို
ဆိုလိုပါတယ်အတွေ့ရအများဆုံး ကာလာဖြစ်တဲ့ အဝါရောင် “ ? “လေးနဲ့ Problem ပြနေရင်တော့ Device ကို double-click လိုက်ပါ
Error mesaage နဲ့ ပြဿနာဖြစ်နေတဲ့ အခြေအနေကို ပြောပြနေပါလိမ့်မယ် General
tab\Troubleshoot ကို click လိုက်ပါ ကူညီပါရစေ( Help and support center)ကိုရောက်လာပါမယ် “ I’m having a problem with my …. ….” ဆိုတဲ့စာကြောင်းကို Check ပေး ပြီး ရှာဖွေလိုက်ပါ လူတိုင်း အလွယ်တစ်ကူနားလည်နိုင်တဲ့ Instructions လေးတွေ ပေးပါလိမ့်မယ် Instructions များအတိုင်း
Step by Step ပုံမှန်လုပ်ဆောင်သွားမယ်ဆိုရင် အဆင်ပြေသွားပါပြီမေးခွန်းထဲမှာ အဖြေရှိဆို သလို Error Message များ ရဲ့ Information ကိုလိုက်ပြီး ဘယ်လို ပြုပြင်ထိန်းသိမ်း မှု့တွေ ပြုလုပ်နိုင် မလဲဆိုတာ ပါ ဖြစ်ပေါ်တက်တဲ့ error codes,messages တွေနဲ့ ဖြေရှင်းနည်းတွေကို ကြည့်လိုက်ပါ....
 

1. “ This device is not configured correctly “
ဒီ မက်ဆေ့ကို တွေ့ရပြီး ဆိုရင်တော့ Drivers ကို Hard Update wizard ကို
အသုံးပြုပြီး Update သာ လုပ်လိုက်ပါ(properties\drive\Update driver)
ဒါကနည်းလမ်း (၁) ပါ နည်းလမ်း(၂)ကတော့
Device ကို Remove လုပ်ပြီး ပြန် run ကြည့်ပါ

2. “The dvice loader(s) for this device could not load the device driver “
အမှတ်စဉ် (၁) မက်ဆေ့အတိုင်း ပါပဲ remove လုပ် ပြီးရင် install ပြန်လုပ် ဒါမှအဆင်မပြေရင် Update လုပ်ပါ

3.”The driver for this device might be corrupt or your system may be running low on memory or other resources”
My computer ကို right click လုပ် properties ဘာပြဿနာလဲဆိုတာ မြင်ရပါပြီ
RAM နည်းနေလို့ပါ RAM ပိုမို စိုက်လိုက်ခြင်းဖြင့် ဖြေရှင်းနိုင်ပါပြီ RAM
မစိုက်ချင်သေးဘူးဆိုရင်တော့ အပေါ်က အချက်တွေလိုပဲ Update\Remove\Add
ဒါမှမဟုတ် Troubleshotting wizard နဲ့ကြိုးစားကြည့် နိုင်ပါသေးတယ်

4.”This device is not working properly because one of its drivers may be bad ,or your Registry may be
bad”
Update (or) Remove\Add နဲ့ဖြေရှင်းနိုင်ပါတယ်

5.”the driver for this device requested a resource that windows does not know how to handle”
Update\Remove\Add နဲ့ဖြေရှင်းနိုင် ပါတယ်

6. ”Another device is using the resources this device needs”
Properties ကို Click လိုက်ပါ

7.”The drivers for this device need to be reinstalled”
ဒါကတော့ ရှင်းပါတယ် Reinstall လုပ်လိုက်ပါ

8. ”Code 8 has many error messages associated with it”
Update \ Remove\Add

9.”Code 9 has several error messages associated with it”
Remove\Add လုပ်ဖို့ ကြိုးစားကြည့်ပါ အဲဒါတွေ အလုပ်မလုပ်နိုင်တော့ဘူးဆိုရင်
Registry setting မှာသွားပြင်ရပါမယ် သင့်ရဲ့ BIOS ကိုလဲ Update လုပ်ဖို့လိုအပ်နေပါပြီ

10.”The device either is not persent ,is not working properly,or does
not have allthe drivers installed.This code may also have a
manufacturer-specific error message associated with it,depending on the
device.”
ကွန်ပျုတာကို သေချာ ချိတ်ဆက်ထားခြင်းမရှိိုလို့ပါ physically ပိုင်းကို သေချာ
ပြန်လည် ချိတ်ဆက်လိုက်ပါ

11.”This device cannot find enough free resources that it can use .”
ဒီနေရာမှာ type ဆိုတာက resourse type ကိုပြောတာပါ (ဥပမာ- IRQ,DMA,Memory,or I/O)
ဒီပြဿနာကိုတော့ Troubleshoot ကို click ပြီး troubleshooting wizard ကို Run ခြင်းအားဖြင့်ဖြေရှင်းပါ

12.”This device either ie not present,is not working properly or does not have all the drivers installed.”
Detect hardware ကို click ပါ ၊ အဆင်မပြေသေးဘူးဆိုရင် Remove\Addလုပ်ဖြင်အားဖြင့်ကြိုးစားနိုင်ပါသေးတယ်

13.”This device cannot work properly until you restart your computer”
ကွန်ပျူတာကို Restart ချလိုက်ပါ

14.” This device is causing a resource conflict.”
Troubleshoot ကို click ပြီး troubleshooting wizard ကို Run လိုက်ပါ

15.” Windows cannot identify all the resources this device uses.”
Resourse tab ကို click ပါ Settings အောက် က detailed လေးတွေကို ကြည့်ပြီး
ဖြေရှင်းပါ

16. “The driver information file is telling this child device to use a
resource that the parent device does not have or recognize.”
ဒီနေရာမှာ name ဆိုတာကတော့ device ရဲ့ .inf file ကိုဆိုလိုတာဖြစ်ပါတယ်
Update drivers\Remove\Add တို့နဲ့ ဖြေရှင်းနိုင်ပါတယ်

17.” Reinstall the drivers for this device.”
Click reinstall driver.

18.”Your Registry may be bad”
Click check Registry

19.”windows could not load one of the drivers for this device”
Click update drivers

20.”Windows is removing this device”
အချိန်တော်တော်ကြာအောင် စောင့်လိုက်ပါဦး ပြီးရင် Device manager ကို refresh လုပ်လိုက်ပါ
Device လေးပေါ်လာပြီဆိုရင်တော့ ကွန်ပျုတာကို Restart လုပ်လိုက်ပါ

21.”The device is disabled”
Click Enable Device

22.”The device is disabled”
Click Start Device

23.”Several error messages may appear with Code 23.”
Properties\update driver လုပ်လိုက်ပါ ပေါ်လာတဲ့ button
အပေါ်မှာမူတည်ပြီး လုပ်ဆောင်မှု့အဆင့် ကွဲပြားနိုင်ပါတယ်

24.” This device is not present, is not working properly, or does not have all its drivers installed.”
Detect hardware ကို click ပါ ပေါ်လာတဲ့ button အခြေအနေပေါ်မှာ မူတည်ပြီး လုပ်ဆောင်သွားရမှာပါ

25.” Windows is in the process of setting up this device.”
ကွန်ပျူတာကို Restart ပေးလိုက်ပါ

26.” Windows can't specify the resources for this device.”
Device Manager ကို အသုံးပြုပြီး Remove လုပ်လိုက်ပါ control panel မှ Add new Hard wizard နဲ့ ပြန် run လိုက်ပါ
ဒီအဆင့်လုပ်ဆောင် ပြီးတဲ့ အချိန်ထိ ကောင်းကောင်း အလုပ်မလုပ်သေးဘူးဆိုရင် Update လုပ်လိုက်ပါ

27.” The drivers for this device are not installed.”
Reinstall drivers ကို click ပါ

28.” This device is disabled because the firmware for the device did not give it the required resources.”
BIOS မှာ စစ်ဆေးကြည့်လိုက်ပါ၊နောက်တစ်နည်းကတော့ CMOS seetings မှာ သွားပြီး
Device ကို Enable ပေးလိုက်ပါ

29.” This device is using an Interrupt Request (IRQ) resource that is
in use by another device and cannot be shared. You must change the
conflicting setting or remove the real-mode driver causing the
conflict.”
Device Manager ကို ဖွင့်လိုက်ပါ IRQ တစ်ခုထဲမှာ ပဲနောက်ထပ် device
တစ်ခုသုံးထားသလားဆိုတာကို စစ်ဆေးကြည့်ပါ ဟုတ်တယ်ဆိုရင်တော့ Device ကို
Disable ပေးလိုက်ပါ တကယ်လို့များ IRQ မှာ နောက်ထပ် device
တစ်ခုသုံးထားတာကို မတွေ့ဘူးဆိုရင် Config.sys (or) Autoexex.bat မှာ
drivers ကိုရှာပြီးတော့ disable ပေးလိုက်ပါ

30.” This device is not working properly because Windows cannot load the drivers required for this device.”
Properties ကို click ပါ ဒါကိုတောင် click လို့မရဘူးဆိုရင်တော့ Remove\Add လုပ်ပါ
ပြန်စမ်းကြည့်လိုက်ပါဦး ဒါမှ အဆင်မပြေသေးဘူး ဆိုရင်တော့ Update သာလုပလိုက်ပါတော့

31.” Windows cannot install the drivers for this device because it
cannot access the drive or network location that has the setup files on
it.”
Restart ချ လိုက်ပါ..

32.” Windows cannot determine which resources are required for this device.”
Troubleshooting wizard နဲ့ကြိုးစားကြည့်လိုက်ပါ အဆင်မပြေသေးဘူးဆိုရင်တော့ Device change ရတော့မှာပါ

33.” Windows cannot determine the settings for this device. Consult the
documentation that came with this device and use the Resource tab to
set the configuration.”
Hardware settings ကို change လိုက်ပါ ပြီးရင် Resources tab ကိုသွားပြီး
Configure လုပ်လိုက်ပါ

34.” Your computer's system firmware does not include enough
information to configure and use this device properly. To use this
device, contact your computer manufacturer to obtain a firmware or BIOS
update.”
Troubleshooting wizard နဲ့ကြိုးစားကြည့်လိုက်ပါ အဆင်မပြေဘူးဆိုရင်တော့
BIOS ကို update ဒါမှမဟုတ် BIOS အသစ်လဲရပါတော့မယ်

35.” This device is requesting a PCI interrupt but is configured for an
ISA interrupt (or vice versa). Please use the computer's system setup
program to reconfigure the interrupt for this device.”
သင့်ရဲ့ BIOS မှာ IRQ settings ကိုဘယ်လိုပြန်လည်စီစဉ် ထားသလဲဆိုတာစစ်ဆေးကြည့်ပါ ပြီးရင် Troubleshoot !!!

36.” Windows cannot initialize the device driver for this hardware.”
ကွန်ပျူတာကို restart အရင်ပေးလိုက်ပါ …ပြီးရင်တော့ Troubleshoot!!

37.” Windows cannot load the device driver for this hardware because a
previous instance of the device driver is still in memory.”
Driver ကို Uninstall လုပ်.. ပြီးရင် Reinstall ,Trobleshooting!!!!!!!!

38.” Windows cannot access this hardware because its service key
information in the registry is missing or recorded incorrectly.”
အမှတ်စဉ် 37 အတိုင်းလုပ်ဆောင်ရပါမယ်

39.” Windows successfully loaded the device driver for this hardware but cannot find the hardware device.”
Driver ကို Uninstall, Reinstall လုပ်လိုက်ပါ ပြီးရင် Troubleshoot!!!
တကယ်လို့ device က non-plug-and-play ဖြစ်နေမယ်ဆိုရင်
အောက်ပါအတိုင်းလုပ်ဆောင် ပေးရပါဦးမယ်
Control Panel\Performance and Maintenance\System\Hardware\Add Hardware Wizard

40.” Windows cannot load the device driver for this hardware because there is a duplicate device already running in the system.”
Restart ပေးလိုက်ပါ ,window ပြန်တက်လာတာနဲ့ Device Manager\General tab\Troubleshoot!!!!!!

41.” Windows has stopped this device because it has reported problems.”
Hardware documentation ကို စစ်ဆေးကြည့်ပါ….ပြီးရင် Troubleshoot!!!!

42.” An application or service has shut down this hardware device.”
Restart လုပ်ပါ ..ပြီးရင် Troubleshoot!!!!!!!!

43.” Windows cannot gain access to this hardware device because the operating system is in the process of shutting down.”
ဘာမှ ပြုပြင်ပြောင်းလဲ စရာမလိုအပ်ပါဘူး….computer ကို ဖွင့်လိုက်တာနဲ့ ပုံမှန်အလုပ် လုပ်သွားမှာပါ

44.” Windows cannot use this hardware device because it has been
prepared for "safe removal" but it has not been removed from the
computer.”
Device ကို ဖြုတ်ပြီး ပြန်တပ်လိုက်ပါ..

45.” The software for this device has been blocked from starting
because it is known to have problems with Windows. Contact the hardware
vendor for a new driver.”
Driver update (or) New လိုအပ်နေပါတယ်
အားလုံး အဆင်ပြေချောမွေ့ကြပါစေ
 
ရေးသားသူ >> လေလွင့်သူလေး

Comments