၂၀၁၃ ခုနှစ်ရဲ့ တစ်မိနစ် အတွင်း အင်တာနက်မှာဘာတွေဖြစ်သွားသလဲ ဆိုတာကိုလေ့လာကြည့်ကြရအောင်...

၁) အင်တာနက်စသုံးတဲ့သူ ၇၁၇ ယောက်တိုးလာပြီ
၂) ဒိုမိန်းအသစ် ၇၀ ခု register လုပ်ပြီးသွားပြီ
၃) Wikipedia ဆောင်းပါးအသစ် ၅ ခု ဖန်တီးပြီးသွားပြီ
၄) blog အသစ် အခု ၅၀ ဖန်တီးပြီးသွားပြီ
၅) blog ပို့စ် အသစ် ၁၅၀၀ တက်သွားပြီ
၆) အီးမေးလ်အကောင့်အသစ် ၄၃၅ ခု ဖောက်ပြီးသွားပြီ
၇) Spam email ပေါင်း ၈၆၀၀၀၀၀၀ ခု လက်ခံရရှိသွားကြပြီ
၈) အီးမေးလ်ပေါင်း ၁၆၈၀၀၀၀၀၀ ခု ပို့ပြီးသွားပြီ
၉) ၄၁၆ ခုသော website တွေကို hack ဖို့ လုပ်ဆောင်ပြီးသွားပြီ
၁၀) website ၁၂ ခု hack ခံလိုက်ရပြီ
၁၁) အချက်အလက်သူခိုးတွေဟာ သားကောင်အသစ် ၂၀ ရှာပြီးသွားပြီ
၁၂) နည်းလမ်းတစ်မျိုးမျိုးကြောင့် ငွေကြေးဆုံးရှုံးမှုပေါင်း ၁၅၇၀၃၆ မှု ဖြစ်သွားပြီ
၁၃) ၁၇၁၃၆၆ GB ရှိတဲ့ ဖိုင်တွေကို share ပြီးသွားပြီ
၁၄) အချက်အလက်ပေါင်း ၆၃၉၈၀၀ GB ကို ကမ္ဘာနဲ့အဝှမ်း လွှဲပြောင်းပြီးသွားပြီ
၁၅) Skype ခေါ်ဆိုမှုပေါင်း ၃၇၀၀၀၀ လုပ်ပြီးသွားပြီ
၁၆) Google ကနေ serach လုပ်မှုအရေအတွက် ၆၉၄၄၄၅ လုပ်ပြီးသွားပြီ
၁၇) Spotify မှာ သီချင်းအသစ် ၁၄ ပုဒ်တက်လာပြီ
၁၈) Youtube ဗွီဒီယို ၁၃၀၀၀၀၀ ခု ဖွင့်ပြီးသွားပြီ
၁၉) Youtube video ပေါင်း ၆၀၀ တင်ပြီးသွားပြီ
၂၀) Flickr မှာ ပုံပေါင်း ၆၆၀၀ တင်ပြီးသွားပြီ
၂၁) Flickr ပုံပေါင်း ၂၀၀၀၀၀၀၀ ပုံ ကြည့်ပြီးသွားပြီ
၂၂) Instagram မှာ ပုံပေါင်း ၃၆၀၀ share ပြီးသွားပြီ
၂၃) LinkedIn အကောင့်သစ် ၁၀၀ ဖွင့်ပြီးသွားပြီ
၂၄) Twitter အကောင့်သစ် ၃၂၀ ဖွင့်ပြီးသွားပြီ
၂၅) Twitter လက်ရှိအသုံးပြုနေသူ ၂၇၇၇၇ ဦး ရှိနေတယ်
၂၆) Tweets အသစ်ပေါင်း ၁၀၀၀၀၀ ခု တက်သွားပြီ
၂၇) Tumblr မှာ ပုံပေါင်း ၂၀၀၀၀ တိုးလာပြီ
၂၈) Pinterest လက်ရှိအသုံးပြုနေသူ ၁၁၈၀၅ ဦး ရှိနေတယ်
၂၉) Facebook အသုံးပြုသူ ၄၁၁ ယောက်ထပ်တိုးလာပြီ
၃၀) Facebook wall post အသစ် ၇၉၃၆၄ ခု တက်သွားပြီ
၃၁) Facebook မှာ ပုံအသစ် ၁၇၃၆၁၁ ပုံတင်ပြီးသွားပြီ
၃၂) Facebook မှာ comment အသစ် ၅၁၀၀၄၀ တက်သွားပြီ

သင်ဒီပို့စ်ကိုဖတ်နေတဲ့ စက္ကန့် ၆၀ အတွင်းမှာပဲ အပေါ်ကအချက်တွေအကုန်လုံး တစ်ပြိုင်နက်ဖြစ်သွားပြီဖြစ်ပါတယ်...

Comments