MIUI Rom တွေမှာ Screen Overlay Detected ဆိုပီး ပေါ်နေတာကို ဖြေရှင်းနည်း


Xiaomi Phone အသုံးပြုသူများအနေဖြင့် တစ်ခါတစ်လေမှာ application တစ်ခုခုသွင်းပီးဖွင့်တဲ့အခါမှာ ဒီလို Screen Overlay Detected ဆိုတဲ့စာကြီးတက်လာတာ တွေ့ဖူးပါလိမ့်မယ်။ တစ်ချို့ သူတွေအတွက် ဖြေရှင်းရတာလွယ်ကူသလောက် အများစုကတော့ ဘယ်လိုဖြေရှင်းရမယ်မှန်းမသိဖြစ်တတ်ကြပါတယ်။ Open Settings ကိုနှိပ် - permission ပေးမယ်လုပ်တော့လည်း ပေးမရ။app ကိုပိတ် ပြန်ဖွင့်တော့လည်း ဒီလိုကြီးပဲပြန်ပေါ်လာတာ တွေ့ဖူးမှာပါ။
ဆိုတော့ ပထမဆုံး Screen Overlay Detected ဆိုတာ အရင် ရှင်းပြလိုပါတယ်။
           Android System ဟာ Draw Over Other Apps ဆိုတဲ့ feature တစ်ခုကို Android 6.0 (Marshmallow) နဲ့ Android 7.0 (Nougat) တို့မှာမိတ်ဆက်ခဲ့ပါတယ်။သူက ဘယ်လိုအလုပ်လုပ်သလဲဆိုတော့ အချို့သော app တွေဟာ Screen ပေါ်မှာ အမြဲပေါ်နေဖို့လိုသလို background မှာလည်း service အမြဲ Run နေလို့ ရအောင်ပါ။ ဥပမာ Facebook Messenger လိုမျိုးပေါ့။ဘယ် app ဖွင့်ထားဖွင့်ထား Messenger Shortcut အလုံးလေးက Screen ရဲ့ အပေါ်ဆုံးမှာ ပေါ်နေသလိုမျိုးပေါ့။
           Screen Overlay Detected ဆိုတဲ့ ပြဿနာ ဘယ်အချိန်မှာ ဖြစ်လဲဆိုရင် အပေါ်မှာ ပြောခဲ့သလိုမျိုး Draw Over Other apps တွေ ဆုံတဲ့အချိန်မှာဖြစ်ပါတယ်။ ဥပမာ Messenger ကလည်း Screen ရဲ့ အပေါ်ဆုံးမှာ သူနေမယ် ။တစ်ခြား battery saver တို့ Cleaner တို့လို app တွေကလည်း သူတို့ Shortcut လေးတွေ Screen ရဲ့ အပေါ်ဆုံးမှာ နေမယ်ဆိုပီး Permission တောင်းတယ် ။ အဲ့မှာ စငြိတာပဲ :3:3

ဘယ်လိုဖြေရှင်းမလဲ??
       ဥပမာ အနေနဲ့ Bagan keyboard သွင်းပီး ဖွင့်လိုက်တယ်. Bagan Keyboard ကလည်း permission တွေ စတောင်းတယ်။
သူတောင်းတဲ့ Permission ကို Allow လုပ်ပေးလိုက်တယ်။ Screen Overlay Detected ဆိုတာကြီးပေါ်တော့တာပဲ :3 :3


            ဘာလို့ ပေါ်လာရသလဲဆိုရင် အပေါ်က ပုံမှာ Messenger Shortcut လေးတက်နေပါတယ်. ဒီတော့ Messenger app က Bagan Keyboard ကတောင်းတဲ့ permission မပေးနိုင်ဘူးဆိုတဲ့ သဘောမျိုးပါပဲ
(ဒီနေရာမှာ Messenger shortcut ဆိုတာက ဥပမာ တစ်ခုအနေနဲ့ ပြပေးထားတာပါ။ တစ်ခြား battery saver , cleaner တို့ widgets တွေကြောင့်လည်းဖြစ်နိုင်ပါတယ်)

             ဒါကြောင့် Messenger Shortcut အလုံး လေးကို အရင် ပိတ်လိုက်ပါ. ပီးမှ စောနကလို Bagan Keyboard ကို ဖွင့်ပီး တောင်းတဲ့ permission ကို allow လုပ်လိုက်ပါ။ ဘာ Screen Overlay Detected ဆိုတာမှ ပေါ်လာမှာမဟုတ်တော့ပါဘူး။

              တကယ်လို့များ Screen ပေါ်မှာ ဘာshortcut မှ မရှိဘူး(သို့) ဘာကို ပိတ်လို့ပိတ်ရမှန်းမသိဘူးဖြစ်နေရင် အောက်ကအဆင့်အတိုင်းလိုက်လုပ်ပါ.
(၁)   Security app > Manage apps > Permissions >Permissions> Permissions  (Or In Different version - Go to Security app > Permissions > Permissions > Permissions ) ကို သွားပါ။








(၂)     Restrict All ဆိုတာကို နှိပ်ပီး Ok ပေးလိုက်ပါ။ ဒါဆိုရင် Display Pop up Window ပါမစ်ရှင် ,ယူထားတဲ့ app တွေအကုန် ပိတ်သွားပါလိမ့်မယ်။





(၃)   ဒါဆိုရင်တော့ စောနက Screen Overlay Detected ပြဿနာကြုံတွေ့နေရတဲ့ app ကိုပြန်ဖွင့်ကြည့်လို့ရပါပီ။ ဘာ ပြဿနာမှ ရှိတော့မှာမဟုတ်ပါဘူး။

ဒီနေရာမှာ တစ်ခုသတိပြုရမှာက အပေါ်မှာ ကျွန်တော်တို့ Restrict လုပ်ထားခဲ့တဲ့ app တွေထဲကမှ မိမိတို့ Display Pop up လုပ်ချင်တဲ့ app တွေကို တစ်ခုချင်းစီ ပြန်ဖွင့်ပေးဖို့လိုပါတယ်. ဥပမာ Messenger ဆိုရင် Display Pop up ကို restrict လုပ်လိုက်ရင် Chat Head လို့ခေါ်တဲ့ အလုံးလေး တက်မလာတွေ ၊ပျောက်နေတာတွေ ဖြစ်မှာမို့ပါ.

              အနှစ်ချုပ်အနေနဲ့ တကယ်လို့ ကိုယ့်ဖုန်းမှာ ခုလို မျိုး Screen Overlay Detected ဆိုပီး ပေါ်လာရင် Screen ပေါ်မှာ ဘာ widget , ဘာ shortcut ရှိလဲဆိုတာ အရင်စစ်ကြည့်ပါ။ ပီးရင်ပိတ်လိုက်ပါ။
အဆင်ပြေကြပါစေ....

Comments