Android ဖုန်းများတွင် အသုံးပြုနိုင်မည့် Unicode <>Zawgyi Converter များစုစည်းမှု




    • ဒါလေးကလည်း ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်တာကြာပီ။

      (Myanmar Unicode Converter For Android)

      Android user တွေအနေနဲ့Zawgyi to Unicode,Unicode to Zawgyi ပြောင်းလဲပေးနိုင်မယ့် Converter လေးတွေကိုစုစည်း တင်ပေးထားပါတယ်။ ကြိုက်နှစ်သက်ရာ Converter ကို ရွေးချယ်၍ စမ်းသပ်အသုံးပြုနိုင်ပါပြီ။ Up To Date ဖြစ်စေရန် Google Play Store လင့်များနှင့်ချိတ်ဆက်ပေးထားပါတယ်။ ကွန်ဗာတာတစ်ခုချင်းစီအတွက် အသုံးပြုပုံပြုနည်းကိုတော့ အသေးစိတ်ရှင်းမပြတော့ပါဘူး။ ဘာလို့လဲဆိုတော့ သဘောတရားက အတူတူပါပဲ.

      (1) PK Converter 
      ယူနီကုဒ်ကနေ ဇော်ဂျီ၊ ဇော်ဂျီကနေ ယူနီကုဒ်စနစ်ကို ပြောင်းလဲဖော်ပြပေးတဲ့ အက်ပ်လေးတစ်ခုပါ။ PK Converter ရဲ့ လုပ်ဆောင်ချက်လေးတွေကတော့:-

      ၁။ ယူနီကုဒ်စာသားတွေကို ကူးယူပြီး ဇော်ဂျီစာသားအဖြစ်သော် လည်းကောင်း၊ ယူနီကုဒ်လိုရော ဇော်ဂျီဖောင့်အနေနဲ့ရော  စနစ်နှစ်မျိုးစလုံးနဲ့သော် လည်းကောင်း ပြောင်းလဲဖော်ပြပေးနိုင်ပါတယ်။ ပြောင်းထားတဲ့ စာသားတွေကို ကူးယူပြီး မိမိကြိုက်နှစ်သက်ရာ နေရာတွင် ပြန်လည်ကူးထည့် ထားနိုင်ပါတယ်။
      ၂။ ပြောင်းလဲဖော်ပြပေးမယ့် စာသားတွေကို Floating bubble လေးနဲ့ ကြည့်နိုင်တဲ့ လုပ်ဆောင်ချက်ပါ ထည့်ပေးထားတာဖြစ်လို့ အရင်သုံးနေကျ ကွန်‌ဗာတာအက်ပ်တွေလို Floating windows (or) Pop up windows ဖွင့်ပြီး သုံးတဲ့အခါမှာ စာသားတစ်ခုကို ကူးလိုက်တာနဲ့ Pop up windows ကြီးတက်လာလို့ ပြန်ပိတ်ရတာမျိုးတွေ မရှိတော့ဘဲ မိမိစာသားတစ်ခုခုကို ကူးယူလိုက်တာနဲ့ မျက်နှာပြင်ဘေးနားလေးမှာ ပုံထဲကလို App Icon နဲ့ Floating bubble လေးတစ်ခု ပေါ်လာမှာပါ၊ အဲ့ဒါလေးကို နှိပ်လိုက်မှသာ ပြောင်းလဲဖော်ပြပေးထားတဲ့ စာသားတွေကို ဖတ်ရှုရမှာဖြစ်ပြီး မိမိနှစ်သက်ရာပုံစံနဲ့ ပြန်လည်ကူးယူနိုင်မှာဖြစ်လို့ ‌အတော်အတန် အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။






      (2) MM Font Converter



      Setting ထဲမှ Pop Up ကို onပေးရုံဖြင့်Converter ထဲသို့ဝင်ရောက်ပြောင်းလဲရန်မလိုဘဲမိမိပြောင်းလိုသောစာကိုcopyလုပ်လိုက်ရုံဖြင့်ယူနီကုဒ်အဖြစ်ပြောင်းလဲထားသောစာများကိုဖုန်းscreenတွင် pop up အနေဖြင့်တန်းပေါ်လာမည်ဖြစ်သည်။Andriod version 2.3.3နှင့်အထက်ဖုန်းတွေမှာအသုံးပြုလို့ရပါတယ်။

      (3) Zaw Vs Uni Converter




      Offline Converter အမျိုးအစားဖြစ်ပြီး Android Version 4.0.3 မှစ၍အသုံးပြုနိုင်ပါသည်။ဇော်ဂျီနဲ့ရေးထားသောစာများကိုcopyလုပ်ပြီးပထမဇယားကွက်တွင်pasteပေးခြင်းဖြင့်ဇော်ဂျီစာများကိုယူနီကုဒ်အဖြစ်ဒုတိယဇယားကွက်တွင်အလိုအလျောက်ပြောင်းလဲသွားမည်ဖြစ်သည်။

      (4) U Zaw Converter




      Pyaung(ဇော်,ယူ) Converter ရဲ့ update version ဖြစ်ပါတယ်။Andriod version 4.1နှင့်အထက်ဖုန်း တွေမှာအသုံးပြုလို့ရပါတယ်။ဒီ converter လေးရဲ့ ထူးခြားချက်က ဘယ် Font ကိုပဲဖြစ်ဖြစ် Copy လုပ်ပြီး Convert လုပ်ချင်ရင် Apps ထဲဝင်စရာမလိုပဲ Notification ဒါမှမဟုတ် AlertDialog လေးနဲ့ ပြပေးမှာပါ။

      (5) Rabbit Zawgyi <=> Unicode



      Offline Converter အမျိုးအစားဖြစ်ပြီး Android Version 4.3 မှစ၍အသုံးပြုနိုင်ပါသည်။Zawgyito Unicode,Unicode to Zawgyi သို့လျင်မြန်စွာပြောင်းလဲပေးနိုင်သည့် Converter လေးတစ်ခု ဖြစ်ပါသည်။https://github.com/saturngod/Rabbit တွင်လည်း open source အနေနဲ့ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

      (6) PL Converter



      အသစ်ထွက်ရှိလာတဲ့ယူနီကုဒ်−ဇော်ဂျီကွန်ဗက်တာ(PL Converter)လေးဖြစ်ပါတယ်။ ဗမာစာအပြင် ရှမ်းတိုင်းရင်းသား ဘာသာစကားပါ ထည့်သွင်းထားပါတယ်။Andriod version 4.1နှင့်အထက်ဖုန်း တွေမှာအသုံးပြုလို့ရပါတယ်။

      နောက်ထွက်လာမယ့် Converter အသစ်အသစ်တွေကိုလည်း ဒီ ပိုစ့်မှာပဲ edit လုပ်ပီး update လုပ်ပေးသွားပါမယ်.

      Comments

      Post a Comment

      ကျွန်တော့် ဘလော့လေးကို လာရောက်ပေးကြသူများအားလုံးကိုကျေးဇူးတင်ပါတယ်
      ဒေါင်းလုပ် အဆင်မပြေရင် cbox မှာဖြစ်စေ comment မှာဖြစ်စေ ရေးထားခဲ့နိုင်ပါတယ်။